To Unicode

MAESA 2019 Conference

မြန်မာနိုင်ငံ အသုံးချကမ္ဘာမြေသိပ္ပံအသင်း (MAESA) သည် (၁) မြန်မာနိုင်ငံ၏ သယံဇာတတွင်းထွက် နှင့် စွမ်းအင်အရင်းအမြစ်ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အခွင့်အလမ်းများ ပွင့်လန်းလာစေရန် နှင့် (၂) ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ၊ အင်စတီကျူးရှင်း၊ မျိုးဆက်သစ်လူငယ်များ၏ စွမ်းဆောင်နိုင်ရည်များ အင်အား ကောင်းလာစေရန် ထူထောင်ထားသော အသင်းဖြစ်သည်။

ယင်းရည်ရွယ်ချက်နှစ်မျိုးဖြင့် နိုင်ငံတကာညီလာခံ တစ်ခုဖြစ်သော“MAESA 2019 ”ကို ၂၉၊ နိုဝင်ဘာလ၊ ၂၀၁၉ခုနှစ် နောက်ဆုံးပတ်တွင် ရန်ကုန်မြို့ Novotel ဟော်တယ် ၌ ကျင်းပမည်ဖြစ်သည်။“MAESA 2019” သည် မြန်မာနိုင်ငံ၏ ဒေသတွင်းနှင့် ပြည်တွင်း အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်းကို အဓိကအလေးထားသော တက်ကြွသည့် အဖွဲ့အစည်းအသစ်တစ်ခု ဖြစ်သည့် “MAESA” ၏ ဒုတိယအကြိမ်မြောက် ညီလာခံလည်း ဖြစ်ပါသည်။

“MAESA” ၏ အဖွင့်ညီလာခံကို နိုင်ငံတကာရှိ ကမ္ဘာမြေသိပ္ပံပညာရပ်နှင့် ဆက်စပ်နေသော အဖွဲ့အစည်း များနှင့် ပညာရှင်များတက်ရောက်နိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားထားပါသည်။

မြန်မာပညာရှင်များ၊ ဘွဲ့လွန်ဘူမိဗေဒကျောင်းသား/သူများအနေဖြင့်လည်း Myanmar Applied Earth Sciences Association (MAESA) မှ ကျင်းပပြုလုပ်သော“MAESA 2019: Earth Sciences and Sustainable Development” နိုင်ငံတကာညီလာခံသို့ တက်ရောက်၍၊

  • ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းများ၊ ပိုစတာများ (Poster presentations) တင်သွင်းဆွေးနွေးခြင်း၊
  • ထိုတင်သွင်းသော စာတမ်းများကို လိုအပ်ပါက MAESA ကွန်ရက်တွင်ရှိသော ပညာရှင်များမှတဆင့်ဖြည့်ဆည်းပေးခြင်း၊
  • နိုင်ငံတကာမှ ဘူမိသိပ္ပံပညာရှင်များနှင့် ပညာရပ်ဆိုင်ရာများ ဆွေးနွေးခြင်း၊
  • အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခြင်း၊ များအတွက်

MAESA 2019 နိုင်ငံတကာ ညီလာခံတွင် မှတ်ပုံတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ဖိတ်ခေါ် အပ်ပါသည်။

မှတ်ပုံတင်ကြေးမှာ နိုင်ငံတကာမှ တက်ရောက်သူများအတွက် မှတ်ပုံတင်သည့်ကာလအပေါ်မူတည်၍ အမေရိကန်ဒေါ်လာ ၃၂၀ မှ ၄၂၀ အထိကောက်ခံသော်လည်း မြန်မာနိုင်ငံအတွင်းရှိ ပညာရှင်များ၊ ဘွဲ့လွန်ဘူမိဗေဒ ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်ဖြင့် မြန်မာငွေကျပ် ၅၀,၀၀၀ ဖြင့် မှတ်ပုံတင်စာရင်း ပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ မှတ်ပုံတင်ကြေးမှာ အမှန်တကယ် ကုန်ကျစရိတ်ထက် များစွာလျှော့၍့ကောက်ခံထားခြင်းဖြစ်ပြီး လိုအပ်ငွေကို MAESA မှ စိုက်ထုတ်ကျခံထားပါသည်။

စာတမ်းဖတ်ကြားမည့် ဆရာ၊ဆရာမ များ၊ ကျောင်းသား၊ကျောင်းသူများအတွက် မှတ်ပုံတင်ကြေး ပေးသွင်းရန် မလိုဘဲ အခမဲ့တက်ရောက်ခွင့်ရမည် ဖြစ်ပါသည်။

မှတ်ပုံတင်စာရင်းပေးသွင်းထားသူများအနေဖြင့် MAESA 2019 နိုင်ငံတကာညီလာခံ အား (၂)ရက် တက်ရောက်ခွင့်၊ သုတေသနစာတမ်း/ပိုစတာများတင်သွင်းခွင့်နှင့် Conference Proceedings & Abstract Volume တို့ ရရှိမည်ဖြစ်ပါသည်။ ထို့အပြင်၊ ယင်းမှတ်ပုံတင်ကြေး ထဲတွင် Novotel Hotel ၏ နေ့လည်စာ (၂)ရက်၊ ပထမနေ့တွင် ကျင်းပမည့် ညစာစားပွဲ ၊ နှင့် Novotel Hotel မှ ကော်ဖီ၊ လ္ဘက်ရည်နှင့် မုန့်တို့အား တစ်ရက်လျှင် (၂)ကြိမ် ကျွေးမွေး ဧည့်ခံခြင်းတို့လည်း ပါဝင်သည်။

MAESA 2019 နိုင်ငံတကာညီလာခံ အတွက်၊ မှတ်ပုံတင်စာရင်းပေးသွင်းသူများအား MAESA အသင်းဝင် အဖြစ် အသိအမှတ်ပြုပြီး ၂၀၂၀ ခုနှစ်အတွက် အသင်းနှစ်စဉ်ကြေးအား ကင်းလွတ်ခွင့်ပေးပါမည်။

MAESA 2019 နိုင်ငံတကာညီလာခံကို တက်ရောက်လိုသူ မြန်မာပညာရှင်များ၊ ဘွဲ့လွန် ဘူမိဗေဒ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောက်ဖော်ပြပါအချက်များအား သေချာစွာ လုပ်ဆောင်ရပါမည်။

(၁) PDF ဖိုင်အား Download ယူပြီး အချက်အလက်များကို သေချာစွာ ဖြည့်သွင်းရပါမည်။ အချက်အလက်များ ဖြည့်သွင်းပြီးပါက ယင်း ဖိုင်အား အီးမေးဖြင့်organizingcommittee@maesa.org သို့ ပေးပို့ရပါမည်။ သို့မဟုတ် PDF ဖိုင်အား Print ထုတ်ယူပြီး အချက်အလက်များ ပြည့်စုံစွာ ဖြည့်သွင်းကာ Scan လုပ်ပြီး အထက်ပါ အီးမေးလ်လိပ်စာသို့ ပေးပို့ရပါမည်။

(၂)လူကြီးမင်းတို့အနေဖြင့် payment အား အောက်ပါနည်းလမ်း(၂)ခုဖြင့် လွယ်ကူမြန်ဆန်စွာ ပေးသွင်းနိုင်ပါ သည်။

(က)ဧရာဝတီဘဏ် (AYA Bank) ငွေစာရင်းအမှတ် ၀၁၃၄၁၀၅၀၁၀၀၀၂၂၆၃(0134105010002263) သို့ မြန်မာကျပ်ငွေဖြင့် ပေးသွင်းခြင်း။

(ခ)အောက်ဖော်ပြပါ Online payment link သို့ click လုပ်ပြီး Credit card/Debit card အသုံးပြု၍ အမေရိကန်ဒေါ်လာဖြင့် ပေးသွင်းခြင်း။

Conference သီးသန့် (၂၉-၃၀၊ နိုဝင်ဘာလ၊၂၀၁၉ မှ ၁၊ ဒီဇင်ဘာလ၊၂၀၁၉ ထိ)
ငွေပေးသွင်းရန် နောက်ဆုံးရက် (၃၀၊ စက်တင်ဘာ၊၂၀၁၉) VISA, Master, UnionPay နှင့် အခြားသော စနစ်များဖြင့် ပေးချေခြင်း MPU ကဒ်ဖြင့် ပေးချေခြင်း

လူကြီးမင်းတို့၏ Payment များအား conference လုပ်ဆောင်မှုတွင် အဆင်ပြေချောမွေ့နိုင်ရန် အတွက် (၃၀၊ စက်တင်ဘာ၊၂၀၁၉) ရက်နေ့ နောက်ဆုံးပေးသွင်းရပါမည်။

သုတေသန စာတမ်းတင်ပြလိုသူများ (Oral Presentation)၊ ပိုစတာတင်ပြလိုသူများ (Poster Presentation ) သည် အထက်ပါ PDF ဖိုင်ကို ဖြည့်စွက်ရာတွင် မိမိတို့၏ စာတမ်း/ပိုစတာများ၏ Abstract များအား (၃၀၊ စက်တင်ဘာ၊၂၀၁၉)နေ့ နောက်ဆုံးထား၍ပေးပို့ရပါမည်။

စာတမ်း/ပိုစတာများအတွက် Registration စာမျက်နာတွင် တွင်ဖော်ပြထားသော Abstract Template Link တွင် ဖော်ပြထားသည့် သတ်မှတ်ချက်များ အတိုင်း ရေးသား ပေးပို့နိုင်ပါသည်။ စာတမ်း/ ပိုစတာများအတွက် Theme များကို Call for Paper စာမျက်နာတွင် ဖော်ပြထားပါသည်။